ရိုက်တာသတင်းထောက် ၂ ဦးအမှုက မြန်မာနိုင်ငံတွင် မျှတသောတရားစီရင်ရေး လိုက်နာမှု မရှိကြောင်း သက်သေပြနေဟု ICJ ပြော - ရန်ကုန် ခေတ်သစ် မီဒီယာ

ရန်ကုန် ခေတ်သစ် မီဒီယာ

Your reliable media.

W3Schools

Latest News

Home Top Ad

test banner

Post Top Ad

Responsive Ads Here

Thursday, July 12, 2018

ရိုက်တာသတင်းထောက် ၂ ဦးအမှုက မြန်မာနိုင်ငံတွင် မျှတသောတရားစီရင်ရေး လိုက်နာမှု မရှိကြောင်း သက်သေပြနေဟု ICJ ပြော


ရိုက်တာသတင်းထောက် ကိုဝလုံး

ရိုက်တာသတင်းထောက်ကိုကျော်စိုးဦး

ရန်ကုန်၊ ဇူလိုင် ၁၂

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို ဇူလိုင်လ ၉  ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံတွင် မျှတသော တရားစီရင်ရေးလိုက်နာမှု မရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင်(ICJ)က ပြောဆိုသည်။

“ထိုအမှုသည် မြန်မာနိုင်ငံ၌ မျှတသော တရားစီရင်ခြင်းဆိုင်ရာအခွင့်အရေးအား လိုက်နာမှုမရှိကြောင်း ဖော်ပြနေသည်။ နိုင်ငံရေးအရ အကဲဆတ်သောအမှုများနှင့် ရင်ဆိုင်ရသည့်အခါတွင် တရားစီရင်ရေးနှင့်  တရားစွဲအဖွဲ့အစည်းတို့၏ လွတ်လပ်မှုနှင့် သမာသမတ်ကျမှုတို့အတွက် စိုးရိမ်ဖွယ်ဖြစ်စေသည်။  တရားရုံးကြားနာမှုတစ်လျှောက်တွင် အမှားကျူးလွန်ခဲ့ကြောင်း ခိုင်မာသည့် သက်သေအထောက်အထားများ ပြသနိုင်ခြင်း မရှိခဲ့ပါ။ သို့ဖြစ်၍ သတင်းထောက်များအား ဆက်လက် တရားစွဲဆိုမှုပြုရန် ခွင့်ပြုပေးခြင်းအတွက် ကျိုးကြောင်းညီညွှတ်သော ဥပဒေရေးရာ အကြောင်းပြချက်အား မှန်းဆရန် ခက်ခဲလှပါသည်” ဟု ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်မှ ဥပဒေအကြံပေး Mr. Sean Bain က ပြောသည်။

မြန်မာနိုင်ငံရှိ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၂၅၃(၁) အရ တင်သွင်းသည့်သက်သေ အထောက်အထားများသည် ပြစ်မှုထင်ရှားကြောင်း ခိုင်လုံမှု မရှိပါက တရားသူကြီးတစ်ဦးအနေဖြင့် စွပ်စွဲခံရသူအား စွဲချက်မှ လွှတ်ပေးရမည်ဖြစ်ကြောင်း ICJ က ပြောသည်။

“တရားရေးလုပ်ငန်းစဉ်အပေါ် အများပြည်သူတို့၏ ယုံကြည်အားထားမှုနှင့် ပြုပြင်ပြောင်းလဲရေးတို့အတွက် အစိုးရ၏ ကတိကဝတ်ထားမှုကို လျော့ပါစေသည်။အာဏာပိုင်များအနေဖြင့် စုံစမ်းရေးသတင်းထောက် (investigative journalists)အဖြစ် ဥပဒေနှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်ကို ထမ်းဆောင်ခဲ့သည် မြင်သာသည့်ယင်းပုဂ္ဂိုလ်များအား ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုမှ ချက်ချင်းရုပ်သိမ်းပေးသင့်သည်။” ဟု Mr.Bainက ဖြည့်စွက်ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်းရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော်လ ျှို့ဝှက်အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်တင်ကြောင်း ဇူလိုင်လ ၉  ရက်နေ့က ဆုံးဖြတ်မှုအပေါ်  ပြင်းပြင်းထန်ထန်ဝေဖန်လိုက်သည်။



မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ရိုက်တာသတင်းထောက် ၂ ဦးကို စွဲချက်တင်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွင်းသတင်းမီဒီယာလွတ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်တစ်ရပ်ဖြစ်ကြောင်း၊ စွဲချက်တင်ရန် ဆုံးဖြတ်မှုအပေါ်လည်း စိတ်ပျက်မိကြောင်း ၊ သတင်းထောက်များ ၎င်းတို့၏အလုပ်ကို ပြန်လည် လုပ်ဆောင်နိုင်ရန် ပြန်လည် ခွင့်ပြုပေးသင့်ကြောင်း ဖောြ်ပထားသည်။



ယူကေနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ခဖီးလ်က ရခိုင်အရေးကိစ္စသတင်းယူခဲ့သော ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ဝလုံးနှင့် ကျော်စိုးဦးတို့အားတရားစွဲဆိုရန် တရားရုံးက ဆုံးဖြတ်လိုက်ခြင်းအပေါ် အလွန်စိတ်ပျက်ကြောင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ်ဖိနှိပ်တားမြစ်ခြင်းသည် မြန်မာနိူင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးကို ထိခိုက်နစ်နာစေကြောင်း၊ အဆိုပါ သတင်းထောက်နှစ်ဦး အမြန်လွတ်မြောက်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက်တိုက်တွန်းပါကြောင်း  တရားဝင်သတင်းထုတ်ပြန်သည်။



မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကလည်း ရိုက်တာသတင်းထောက် ၂ ဦးကို စွဲချက်တင်လိုက်ခြင်းအတွက် ဝမ်းနည်းစိတ်ပျက်မိကြောင်း၊ မီဒီယာများကို အသံတိတ်စေသည့် လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။



သတင်းထောက် ၂ဦးကို စွဲချက်တင်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် အကြီးအကျယ် ဆုတ်ယုတ်မှုဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကပြောဆိုသည်။

 "သတင်းထောက်တွေဟာ ပြည်သူတွေကို သတင်းတွေသိအောင် လုပ်ပေးနေသူတွေ ဖြစ်ရုံမက ခေါင်းဆောင်တွေ တာဝန်ယူ တာဝန်ခံမှုရှိအောင် လုပ်ပေးနေသူတွေဖြစ်တာကြောင့် သတင်းထောက်တွေကို မတရား ပြစ်မှတ်ထားတာ။ ခြိမ်းခြောက်တာ။ အပြစ်ပေးတာမျိုး ဘယ်တော့မှ မလုပ်သင့်ဘူး"ဟု သံအမတ်ကြီး Nikki Haley ကကြေညာချက်ထုတ်ပြန် ပြောဆိုသည်။

New York မြို့အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ကလည်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တယ်လို့ VOA သတင်းမှာ ဖော်ပြပါတယ်။

 CPJ ရဲ့ အာရှရေးရာအစီအစဉ် ညှိုနှိုင်းရေးမှူး Steven Butler က " တရားရုံးဆုံးဖြတ်ချက်နဲ့ပါတ်သက်လို့ CPJ က သိပ်ကိုစိတ်ပျက်မိပါတယ်။ လုံးဝ တရားမျှတမှု မရှိဘူးလို့ထင်ပါတယ်။ တရားခွင်မှာ တင်ပြတဲ့အထောက်အထားတွေအရလည်း သတင်းထောက် ၂ ယောက်လုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ တရားစစ်ဆေးတယ်ဆိုတာလည်း လုပ်ကြံဇတ်လမ်း ဆင်ထားတာကြီးဖြစ်နေပါတယ်။ မြန်မာအစိုးရအတွက် တကယ့်ကို ရှက်စရာကြီးပါ " ဟုပြောသည်။

နယ်စည်းမထား သတင်းထောက်များအဖွဲ့ RSF ကလည်း ခုလိုစွဲချက်တင်ရန် တရားရုံးက ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံမှ တရားရုံးများအနေဖြင့် အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေခြင်းကို ပြသနေကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုသည်။

အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအခြေအနေ စောင့်ကြည့်လေ့လာနေသည့် Human Rights Watch အဖွဲ့ ကလည်း ရိုက်တာသတင်းထောက် ၂ ဦးကို စွဲချက်တင်ခြင်းသည်  မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အခြေအနေ ဆိုးရွားနေမှုကို ပြသသည့်အပြင်  လူ့အခွင့်အရေးချိုးဖောက်သည့်လုပ်ရပ်များကို ဖော်ထုတ်ကြိုးစားသူများကို နှုတ်ပိတ် အရေးယူရန် အစွမ်းကုန် လုပ်ဆောင်နေခြင်းကို ပြသခြင်းဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုသည်။

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages