တပ်မတော် သည် ကျနော်/ကျမတို့ကို ကိုယ်စားမပြုဆိုသော လူမှုကွန်ရက် လှုပ်ရှားမှု ပျံ့နှံ့ - ရန်ကုန် ခေတ်သစ် မီဒီယာ

ရန်ကုန် ခေတ်သစ် မီဒီယာ

Your reliable media.

W3Schools

Latest News

Home Top Ad

test banner

Post Top Ad

Responsive Ads Here

Thursday, July 12, 2018

တပ်မတော် သည် ကျနော်/ကျမတို့ကို ကိုယ်စားမပြုဆိုသော လူမှုကွန်ရက် လှုပ်ရှားမှု ပျံ့နှံ့




















ရန်ကုန်၊ ဇူလိုင် ၁၂

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် စတင်ကျင်းပသည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် တပ်မတော်သည် ပြည်သူလူထုကို ကိုယ်စားပြုသည်ဆိုသော ပြောဆိုချက် ထွက်ပေါ်လာပြီးနောက် လူမှုကွန်ရက်တွင် တပ်မတော်သည် ကျနော်/ကျမတို့ကို ကိုယ်စားမပြုဆိုသော လှုပ်ရှားမှု ထွက်ပေါ်လာသည်။

"တပ်မတော်သည် ကျနော်တို့ကို ကိုယ်စားမပြုပါ၊ မြန်မာ့တပ်မတော်သည် မိမိအား ကိုယ်စားမပြုပါ " အစရှိသည်ဖြင့် ရေးသားထားသော လူမှုကွန်ရက် စတေးတပ်များသည် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ယမန်နေ့ ညနေပိုင်းမှ စတင်ထွက်လာပြီး စတင်ပျံ့နှံ့လျက်ရှိသည်ကိုတွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က "အချို့သော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်း သားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထု က ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ မိမိတို့ရဲ့ ဖြစ်တည်မှုနဲ့ရပ်တည်မှုတို့ဟာ မှန်ကန်ဖို့ အထူးလိုတယ်”ဟု ပြောဆိုခဲသည်။

အဆိုပါ ပြောဆိုချက်ကို ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းတွင်ပါ ဝေဖန်မှုများ မြင့်တက်နေချိန် လူမှုကွန်ရက်တွင် ပြည်သူများ၏ လှုပ်ရှားမှုများ စတင်ပေါ်ပါက်လာခြင်းဖြစ်သည်။

No comments:

Post a Comment

Post Bottom Ad

Responsive Ads Here

Pages